ဘဝရဲ့စွန့်စားခန်းတွေထဲ ငါဟာ သူရဲကောင်းအလား
လက်ခုပ်တီး အားပေးမယ့်သူမရှိ
နောက်လိုက်ဗိုလ်ပါမရှိ
ဟန်ပန်တွေအပြည့် ခွန်အားအပြည့်နဲ့ ရင်ဆိုင်ရန်အသင့်......
သူစိမ်းတွေရဲ့ အတ္တတွေ၊ဆန္ဒတွေကြား
နစ်မြောမိ၊ ပျော်ရွှင်မိ
ရေလိုက်ငါးလိုက် ခုန်ပျံကျော်လွှား
ငါကိုယ့်ငါတောင် ပြန်ရှာဖွေရင်း...
နယ်ပယ်အသစ် စွန့်စားခန်းအသစ်အသစ်တွေက
drama ဇာတ်လမ်းတွဲတစ်ပုဒ်လို ငိုတခါ၊ ရီတလှည့်
ဇာတ်သိမ်းပိုင်းကိုပဲ တွေးမျှော်ရုံ၊ မှန်းဆရုံ ...
ကာလာစုံစုတ်ချပ်တွေကြား အဖြူရောင်တောင် ညစ်ထေးထေးနဲ့
လိုက်ဖက်မှုဆိုတာ ရှာရခက်ခက်...
ခပ်ခက်ခက် အတွေးကြား ခပ်နက်နက်ပဲတွေးရင်း
တနေ့တော့ ငါ့ကိုယ်ငါ ပြန်ရှာတွေ့ရမယ်......

(ကဗျာမရေးတာကြာတော့ ရေးရတာအဆင်ကိုမပြေဘူး)
It hasn't been long time writing poem for almost 1year, today as soon as I got inspiration and write down but still not satisfied myself yet.Hummmm.
သူ (My Emotions)